နုပျိုစေခြင်း

အကျဉ်းချုပ် :

အိုမင်းရင့်လျော်လာခြင်းဟာ ရှုပ်ထွေးတဲ့ဖြစ်စဉ်တစ်ခုဖြစ်ပြီး လူတစ်ဦးချင်းစီအလိုက် အိုမင်းလာပုံတွေ မတူကြပါဘူး။ အထူးသဖြင့် သင်အသက်ကြီး လာတာနဲ့အမျှ အိုမင်းလာတဲ့ ဖြစ်စဉ်တွေဟာလည်းမြန်လာတာကတော့ သဘာဝပဲဖြစ်ပါတယ်။ အိုမင်းလာခြင်းရဲ့ လက္ခဏာတွေစလာတာနဲ့ နဖူး၊ နဖူးအလယ်နဲ့ မျက်ခုံးနှစ်ခုကြား၊ မေးစေ့လိုင်းတစ်လျှောက်မှာ အရေးအကြောင်းတွေ ဖြစ်ပေါ်လာပါတယ်။ ဘာကြောင့်လဲဆိုတော့ အရေပြားရဲ့ အောက်မှာရှိတဲ့ တစ်ရူးတွေဟာ တင်းရင်းမှု အားလျော့နည်းလာခြင်း၊ အရေပြားတွဲကျလာခြင်း၊ ပြည့်တင်းမှုဆုံးရှုံးခြင်း၊ အဆီပိုတွေစုလာခြင်း၊ မျက်နှာ ကြွတ်သားတွေကျဉ်းလာပြီး တစ်ရူးတွေစုပုံလာခြင်းနှင့် မျက်နှာအရိုးတွေပါးလာခြင်းတို့ကြောင့်ဖြစ်ပါတယ်။

ကျွန်ုပ်တို့ရဲ့ နုပျိုစေဖို့ အစီအစဉ်တွေနဲ့ ခွဲစိတ်မှုပြုလုပ်ခြင်းနဲ့ မခွဲစိတ်ဘဲ ပြုပြင်ခြင်းပြုလုပ်ပြီး သင့်ရဲ့အချိန်တွေကို နောက်ပြန်သွားကာ နုပျိုတဲ့အသွင်ကို ပိုင်ဆိုင်ရရှိနိုင်ပါတယ်။

အဓိကအချက်များ :

  • ဘယ်နေရာမှာရှိတဲ့ အရေးအကြောင်းတွေပဲ ဖြစ်ဖြစ်ပျောက်ကင်းစေပြီး တင်းရင်းမှုကို ပြန်လည်ရရှိစေခြင်း။
  • အရေပြားတွဲကျနေတာတွေကို ဆဲလ်တွေကို လှုံ့ဆော်ပေးတဲ့နည်းနဲ့ ပြန်လည်တင်းရင်းစေခြင်း။
  • အမဲစက်တွေ အကွက်တွေကို ကာကွယ်ပေးပြီး လျော့ရဲနေတဲ့ မျက်နှာလိုင်းကို တိုးတက်စေခြင်း။
  • ပိုမိုနုပျိုစေခြင်း

Picture Gallery

အမျိုးအစားများ

  • ကြိုးထိုး၍ ပင့်တင်ခြင်း
  • V ပုံစံပင့်တင်ပေးခြင်း
  • Endotine( အန်ဒိုတင်း ထိုးသွင်းခြင်း)
  • မခွဲစိတ်ဘဲ ပင့်တင်ပေးခြင်း
  • လေဆာဖြင့် ပင့်တင်ပေးခြင်း (မျက်နှာပင့်တင်မှု အသေးစား)
  • Accusculpt( ACCULIFT နည်းဖြင့် ကိုလာဂျင်တွေကို လှုံ့ဆော်ပေးပြီး ပင့်တင်ပေးခြင်း)
  • ခွဲစိတ်ခြင်းဖြင့် တင်းရင်းစေခြင်း
  • အဆီထိုးသွင်းခြင်း
  • Filler(ဖေလာ ထိုးခြင်း)
  • Botox(ဘိုတောက် ထိုးခြင်း)