မျက်နှာပုံဖော်ပြုပြင်ခြင်း

အကျဉ်းချုပ် :

မျက်နှာပုံဖော်ခွဲစိတ်ခြင်းရဲ့ အဓိက ရည်ရွယ်ချက်ကတော့ မျက်နှာလေးကို ဘယ်ရှုထောင့်ကပဲ ကြည့်ကြည့် သဘာဝကျပြီး အချိုးကျလှပစေဖို့ဖြစ်ပါတယ်။ ပါးရိုးထွက်တာတွေကို ဖယ်ရှားခြင်းသာမက မျက်နှာတစ်ခုလုံးနဲ့ လိုက်လျောညီထွေစွာ လှပအောင်ရည်ရွယ်ပါတယ်။ လိုအပ်ချက်ပေါ်မူတည်ပြီး မျက်နှာပုံဖော်ခွဲစိတ်ခြင်းဟာ ခွဲစိတ်မှုတစ်မျိုးထဲနဲ့ ပြုပြင်နိုင်သလို အခြားသော ခွဲစိတ်မှုအမျိုးမျိုးကို ပေါင်းစပ်ပြီး ပြုပြင်ရတာမျိုးလည်းရှိပါတယ်။ သင့်အတွက်လှပတဲ့ မျက်နှာအပြင်ဘက် လိုင်းလေးတစ်ခုရရှိစေဖို့ ကိုရီးယားမှာရှိတဲ့ ဆေးရုံ၊ ဆေးခန်းတွေကမေးရိုး ခွဲစိတ်မှုအမျိုးမျိုးကို ပြုလုပ်နိုင်ပြီး၊ မေးရိုးလိုင်းကိုလျှော့ချခြင်း၊ လေးထောင့်ပုံစံမေးရိုးကို လျှော့ချခြင်း၊ မျက်နှာမေးရိုး ခွဲစိတ်ခြင်း၊ ပါးရိုးထွက်နေတာကို လျှော့ချခြင်း၊ မေးစေ့ခွဲစိတ်ခြင်း စတာတွေဖြစ်ပါတယ်။ အကောင်းဆုံးနည်းပညာတွေကိုအသုံးပြုပြီး ကျွန်ုပ်တို့ရဲ့ ခွဲစိတ်ဆရာဝန်တွေက သင့်အတွက် အရည်အသွေးမြင့်တဲ့ မေးရိုးခွဲစိတ်မှုကို ပေးစွမ်းနိုင်ပါတယ်။

အဓိကအချက်များ :

  • ပါးရိုးကို အမှန်တကယ် လျှော့ချပေးခြင်း
  • မျက်နှာပုံစံ တိုးတက်လာခြင်း၊ သွယ်လျပြီး ပြေပြစ်တဲ့ V-Line လေးကိုရရှိခြင်း
  • ပြားနေတဲ့ ပါးတွေကို ဖောင်းပေးခြင်း
  • နူးညံ့ပြီး လိုက်ဖက်ညီတဲ့ မျက်နှာကိုရရှိခြင်း
  • နုပျို ချောမွတ်တဲ့ မျက်နှာလိုင်းလေးကိုရရှိခြင်း

Picture Gallery

အမျိုးအစားများ

  • မျက်နှာမေးရိုးကိုခွဲစိတ်ခြင်း
  • လေးထောင့်ပုံစံ မေးရိုးကိုလျှော့ချခြင်း
  • ပါးရိုးထွက်တာကို လျှော့ချခြင်း
  • မေးစေ့အစားထိုးခြင်း၊ လျှော့ချခြင်း
  • နဖူးအစားထိုးခြင်း
  • မျက်နှာကို ထပ်မံခွဲစိတ်၍ ပုံဖော်ပေးခြင်း

ခွဲစိတ်ရန်ကြာချိန်နှင့် ပြန်လည်သက်သာချိန်

  • ခွဲစိတ်ရန်ကြာချိန် : (၁)နာရီ မှ (၂)နာရီအထိ
  • အသုံးပြုသည့်ဆေး : မေ့ဆေးပေးပြီး ခွဲစိတ်မှာဖြစ်ပါတယ်။
  • ပြုစုကုသရန် : (၁)ရက်မှ(၂)ရက်အထိ
  • ချုပ်ရိုးဖြေရန်ကြာချိန် : ခွဲစိတ်ပြီး (၇)ရက်မှ(၁၄)ရက်အတွင်း
  • ပြန်လည်သက်သာရန်ကြာချိန် : ခွဲစိတ်မှုပြုလုပ်ပြီး (၁)ပါတ်မှ(၂)ပါတ်အတွင်း ယောင်ယမ်းမှုတွေ ရှိနိုင်ပါတယ်။