ကိုရီးယားတွင်ခွဲစိတ်မှုပြုလုပ်ခြင်း

မြန်မာနိုင်ငံမှာရှိတဲ့ ဖောက်သည်တွေကို ကိုရီးယားတွင်သွားရောက် ခွဲစိတ်နိုင်ရန် စီစဉ်ပေးခြင်းကို အထူးကျွမ်းကျင်ပါတယ်။ သင့်ရဲ့ခရီးစဉ်ကို အဆင်ပြေပြီး လုံခြုံမှုရှိအောင် ကူညီဆောင်ရွက်ပေးပါတယ်။ သင်လုပ်ဆောင်ပေးရမယ့် အချက်တွေကဘာတွေလဲ?

  • ကျွန်ုပ်တို့နဲ့ ဆက်သွယ်လိုက်ပါ : ပထမဆုံးအနေနဲ့ သင်ဘာကို ရှာဖွေနေသလဲဆိုတာကို ကျွန်ုပ်တို့သိဖို့လိုပါတယ်။ ကျေးဇူးပြုပြီး ဆရာဝန်တွေပြန်လည် ဆန်းစစ်နိုင်ဖို့အတွက် လိုအပ်တဲ့ ဓာတ်ပုံအချို့ကို ပို့ပေးရပါမယ်။ (ပုံတွေအကြောင်းဘလော့).
  • ကျွန်ုပ်တို့က သင့်အတွက် ဈေးနှုန်းခန့်မှန်းပေးခြင်း၊ ဆေးရုံကိုအကြံပြု ထောက်ခံပေးခြင်းနှင့် ပြုလုပ်ရမည့် နည်းလမ်းတွေကိုပေးပါမယ်။
  • အကယ်၍ သင့်အနေနဲ့ဖြစ်နိုင်မယ်ဆိုရင် ရန်ကုန်ကိုလာပြီး မျက်နှာချင်းဆိုင် ဆွေးနွေးနိုင်ပါတယ်။
  • ကျွန်ုပ်တို့ရဲ့ ဆရာဝန်တွေနဲ့ ဆွေးနွေးပေးပြီး သင့်အတွက် ခွဲစိတ်မှု ကုန်ကျစရိတ်တွေကို ပေးနိုင်ပါတယ်။
  • အကယ်၍ ကျွန်ုပ်တို့ရဲ့ အကြံပေး ဆွေးနွေးချက်တွေကို သဘောကျကျေနပ်တယ်ဆိုရင် ဆေးရုံက ခွဲစိတ်မှုအတွက် စရံငွေ(အာမခံငွေ)ကို တောင်းခံပါတယ်။
  • ကျွန်ုပ်တို့က သင့်အတွက် ဗီဇာရဖို့စီစဉ်ပေးခြင်း နှင့် ခရီးသွားလာဖို့အတွက် ကူညီစီစဉ်ပေးခြင်းများ ပြုလုပ်ပေးနိုင်ပါတယ်။
  • ကျွန်ုပ်တို့အတူ လိုက်ပါပေးပြီး သင့်ရဲ့ခွဲစိတ်မှုနဲ့ ဆရာဝန်နဲ့ ဆွေးနွေးမှုတွေကို ကူညီပေးပါတယ်။
  • လိုအပ်လျှင် ကိုရီးယားမှာ သင့်အတွက် စကားပြန် စီစဉ်ပေးပါတယ်။
  • ခွဲစိတ်မှုကို လိုက်ပါဆောင်ရွက်ပေးခြင်း၊ အစစ အရာရာအဆင်ပြေမှုရှိစေရန် ကျွန်ုပ်တို့က သင့်ကို ပုံမှန်သတင်းမေးခြင်းများ ပြုလုပ်ပေးပါတယ်။

နောက်ပြီးတော့ လေဆိပ် အကြိုအပို့ကိုလည်း စီစဉ်ပေးခြင်း၊ မြန်မာစကားပြောတတ်တဲ့ ဧည့်လမ်းညွှန် စီစဉ်ပေးခြင်းနှင့် အခြားလိုအပ်တာတွေကို စီစဉ်ပေးပါတယ်။

ခွဲစိတ်မှုတွေဟာ လူတစ်ဦးနဲ့ တစ်ဦးမတူညီတဲ့ အတွက် အကောင်းဆုံး အကြံပေးချင်တာကတော့ ရန်ကုန်မှာ ကျွန်ုပ်တို့နဲ့ လာရောက်ဆွေးနွေးပြီး သင့်ရဲ့မျှော်မှန်းထားတာတွေကို ကျွန်ုပ်တို့ ရှင်းရှင်းလင်းလင်း နားလည် သဘောပေါက်အောင် ဆွေးနွေးနိုင်ပါတယ်။