နှာခေါင်းခွဲစိတ်ခြင်း

အကျဉ်းချုပ် :

လှပတဲ့နှာခေါင်း တစ်ခုဆိုတာ နှာခေါင်းရဲ့အမြင့်၊ အကျယ်၊ နှာတံလိုင်းနဲ့ပဲ သတ်မှတ်တာမဟုတ်ပါဘူး၊ မျက်နှာပုံစံတစ်ခုလုံးနဲ့ လိုက်ဖက်ပြီး နဖူးကနေ နှာတံလိုင်းလေး၊ နှုတ်ခမ်းလေးနဲ့ မေးဖျားလေးအထိ ချောမွေ့တဲ့ လိုင်းလေးရရှိမှဖြစ်ပါတယ်။ လှပတဲ့နှာခေါင်း တစ်ခုဖြစ်ဖို့ဆိုတာ ဘယ်ရှုထောင့်ကနေကြည့်ကြည့် သဘာဝကျနေဖို့ လိုအပ်ပါတယ်။

ကိုရီးယားမှာ နှာခေါင်းခွဲစိတ်မယ်ဆိုရင် နှာခေါင်းတစ်ခုတည်းရဲ့ ပုံစံကိုပဲ စဉ်းစားတာမဟုတ်ဘဲ မျက်နှာရဲ့အခြားသော အစိတ်အပိုင်းတွေနဲ့ပါ အချိုးကျ လိုက်ဖက်ညီအောင် ပြုပြင်ပေးတာဖြစ်ပါတယ်။ နောက်ပြီးတော့ အသက်ရှုတဲ့ လမ်းကိုမြှင့်ပေးခြင်းဖြင့် နှာခေါင်းရဲ့ လုပ်ဆောက်မှုကိုပါ တိုးတက်စေပါတယ်။

နှာခေါင်း ခွဲစိတ်မှု ပြုလုပ်ခြင်းအားဖြင့် နှာခေါင်းကို သေးသွယ်စေခြင်း၊ မြင့်စေခြင်း၊ အစားထိုးခြင်း၊ တိုအောင်ပြုပြင်ခြင်း၊ ရှည်လာအောင်ပြုပြင်ခြင်း၊ နှာခေါင်းကွေးလို့ ဆွဲဆောင်မှုမရှိတာတွေကို ဖယ်ရှားပေးခြင်းတွေ ရရှိနိုင်ပြီး မျက်နှာရဲ့ အစိတ်အပိုင်းအားလုံးနဲ့ အချိုးကျလှပစေရန် ပြုပြင်ပေးပါတယ်။ အထူးကျွမ်းကျင်တဲ့ ကိုရီးယားမှ ခွဲစိတ်ဆရာဝန်တွေက အရင်ခွဲစိတ်ခဲ့တုန်းက လိုချင်တဲ့ ပုံစံမရခဲ့ရင်လည်း ထပ်မံ ပုံဖော်ခွဲစိတ်ဖို့ ကူညီပေးနိုင်ပါတယ်။

အဓိကအချက်များ :

  • နှာခေါင်းပိုမြှင့်သွားပြီး သဘာဝကျလှပစေပါတယ်။
  • လူနာတွေရဲ့ မိမိကိုယ်ကို ယုံကြည်မှုကို တိုးတက်စေပါတယ်။
  • နှာခေါင်းရဲ့ အသွင်အပြင်ကို တိုးတက်စေပါတယ်။
  • မျက်နှာကို ပိုသေးသွားစေပါတယ်။

Picture Gallery

အမျိုးအစားများ

  • နှာခေါင်းထိပ်ကို ပြုပြင်ခြင်း
  • နှာခေါင်းပေါက် လျှော့ချခြင်း
  • နှာတံကျယ်ခြင်း၊ ပြားခြင်းကိုပြုပြင်ခြင်း
  • နှာခေါင်းတို သူများကိုပြုပြင်ပေးခြင်း
  • နှာခေါင်းကို ထပ်မံခွဲစိတ်ခြင်း

ခွဲစိတ်ရန်ကြာချိန်နှင့် ပြန်လည်သက်သာချိန်

  • ခွဲစိတ်ရန်ကြာချိန် :(၁)နာရီမှ (၂)နာရီ
  • အသုံးပြုသည့်ဆေး : ထုံဆေး
  • ပြုစုကုသရန် : မလိုအပ်ပါ။
  • ချုပ်ရိုးဖြေရန် : ခွဲစိတ်ပြီး (၅)ရက်မှ(၇)ရက်အတွင်း
  • ဆေးခန်းပြန်ပြရန် : (၂) ကြိမ်
  • ပြန်လည် သက်သာရန်ကြာချိန် : ခွဲစိတ်ပြီး (၁)ပါတ်မှ(၂)ပါတ်အတွင်း ယောင်ရမ်းမှုရှိပါတယ်။